Popular Journal
Credit to Popular Journal - နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) ၏ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေထရန်စဖော်မာအမှတ် (၁) သည် မေ ၂၁ ရက်နေ့လည် ၃ နာ ရီ ၄၂ မိနစ်က ဓာတ်အားပြ-တ်တေ-ာက်၍စစ်ဆေးမှုများပြုလုပ်ရာ ထရန်စဖော်မာလေ-ာင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မေ ၂၁ ရက်ညနေပိုင်းမှစတင်ကာ ယာဥ်၊ ယန္တရားများအသုံးပြု၍ ၁၀ အမ်ဗွီအေထရန်စဖော်မာတစ်လုံးဖြင့်အစားထိုးလဲလှယ်ခဲ့ရာ မေ ၂၂ ရက်မွန်းလွဲပိုင်းတွင် ရွှေ့ပြောင်းခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများပြီးစီးခဲ့သဖြင့် လျှပ်စစ်ဓာတ်အားကိုပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးလျက်ရှိသည်။ ထရန်စဖော်မာလေ-ာင်ကျွမ်းချိန်မှစ၍ ယင်း ထရန်စဖော်မာဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားသည့် အစိုးရဌာနရုံးများနှင့် အများပြည်သူဆိုင်ရာနေရာအချို့အား ထရန်စဖော်မာအမှတ် (၂) ဖြင့် ဝန်အားမျှကာ လျှပ်စစ်ဓာတ်အားယာယီဖြန့်ဖြူးပေးခဲ့သည်။ The post လေ-ာင်ကျွမ်းခဲ့သည့် ဥတ္တရသီရိမြို့နယ်မှ ထရန်စဖော်မာအမှတ် (၁) အား အလုံးစုံလဲလှယ်ပြီးစီး appeared first on Popular .
Go to News Site