Popular Journal
Credit to Popular Journal - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၃ ရက်တွင် နေပြည်တော်အတွင်း လမ်း၊ တံတားများအ ဆင့်မြှင့်တင်နေမှုနှင့် ဒေသထွက်သီးနှံများကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတက နေပြည်တော်လေဆိပ်အဝင်လမ်းအား နောင်အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်မည့် လမ်းအ သုံးပြုသူဦးရေနှင့် မော်တော်ယာဉ်စီးရေတိုးတက်လာနိုင်မှုများအပေါ်ထည့်သွင်းတွက်ချက်၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ရန်မှာ ကြားသည်။ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတား(၁,၃၀၀)ပေတည် ဆောက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းတစ်လျှောက် သန့် ရှင်းသာယာလှပရေးလုပ်ငန်းများနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေပြည် တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ယာ ယီသံဘောင်ဘေလီတံတားတည်ဆောက်ရန်ဆောင် ရွက်နေမှု၊ ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ရန်ကုန်-မန္တ လေးမီးရထားလမ်းခုံးကျော်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ ရန်ကုန်–မန္တလေး မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့နောက် ပျဉ်းမနားမြို့ ကျီးအင်းကျေးရွာရှိ Myanmar Agri Foods […] The post နေပြည်တော်လေဆိပ်အဝင်လမ်း အနာဂတ်ယာဉ်စီးရေတိုးတက်မှုနှင့်ကိုက်ညီစေရန် Master Plan ရေးဆွဲအဆင့်မြှင့်တင်မည် appeared first on Popular .
Go to News Site