Collector
တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး | Collector
တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး
Popular Journal

တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး

Credit to Popular Journal - တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၉၀ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ အဆိုးရွားဆုံး သတ္ထု့တွင်း မတော်တဆမှုဖြစ် လသည်။ ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီ ၂၀ နီးပါးအကြာ စနေနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း နိုင်ငံပိုင် စီစီတီဗီရုပ်သံက ဖော်ပြခဲ့သည်။ ရှန်ရှီးပြည်နယ်ရှိ အဆိုပါမိုင်းတွင်းတွင် သောကြာနေ့ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားချိန်၌ လူ ၂၅၀ နီးပါး မြေအောက်တွင် အလုပ်လုပ်နေခဲ့ကြသည်။ စနေနေ့နံနက်ပိုင်းအထိ အနည်းဆုံး လူ ၂၀၁ ဦးကို ဘေးလွတ်ရာကယ်ထုတ်ပေးခဲ့ပြီး ၁၂၃ ဦးသည် ဆေးရုံတွင် ကုသမှုခံယူနေကြောင်း စီစီတီဗီက ဖော်ပြခဲ့သည်။ ပျောက်ဆုံးနေသော အလုပ်သမားများ ရှိနေသေးလားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ပျောက်ဆုံးနေသူများကို အင်ပြည့်အားပြည့် ကယ်ဆယ်မှုလုပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က […] The post တရုတ်၌ကျောက်မီးသွေးမိုင်းပေါက်ကွဲ၊ လူ ၉၀ သေဆုံး appeared first on Popular .

Go to News Site