Khit Thit Media
ရန်ကုန်၊ မေ ၂၃ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးလိုက်သည်နှင့်တစ်ပြိုက်နက် မန္တလေးမြို့ပေါ်ရှိ ဓားကိုင်လူမိုက်များ၊ ဇိုးများနှင့် ထောင်ထွက်များကို လိုက်လံစည်းရုံးကာ သေနတ်များတပ်ဆင်ပေးပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့များအဖြစ် စုစည်းထူ ထောင်ခဲ့ကြောင်း အကြမ်းဖက် ပေါက်ဘုန်းကြီးက တရားဝင် ထုတ်ဖော်ဝန်ခံလိုက်သည်။ Khit Thit Media က မေလ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့သည့် “မန္တလေးတွင် လူမိုက်များနှင့် ထောင်ထွက်များကို စုစည်း၍ ဝီရသူ၊ ပေါက်ဘုန်းကြီး၊ တစညအမတ် နေမျိုးကျော်တို့က ဦးဆောင်ကာ ပြည်သူ့စစ်နှင့်ပျူစောထီးအဖွဲ့များ ထူထောင်” ဟူသော သတင်းနှင့်ပတ်သက်၍ ၎င်းက မေလ ၂၂ ရက်နေ့ ဗီဒီယိုဖြင့် တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ပြန်လည်တုံ့ပြန်ရာတွင် ယင်းကဲ့သို့ ဝန်ခံပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ မန္တလေးမြို့ပေါ်ရှိ လူမိုက်များနှင့် […] The post မန္တလေးမှ ဓားကိုင်နေသော လူမိုက်၊ ဇိုးနှင့်ထောင်ထွက်များကို လိုက်လံစည်းရုံးပြီး သေနတ် တပ်ဆင်ပေးကာ ပျူစောထီးနှင့်ပြည်သူ့စစ်များအဖြစ် စည်းရုံးနိုင်ခဲ့ဟု အကြမ်းဖက် ပေါက်ဘုန်းကြီး တရားဝင် ထုတ်ဖော်ဝန်ခံ appeared first on Khit Thit Media .
Go to News Site