Khit Thit Media
ရန်ကုန်၊ မေ ၂၃ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ဂေါ့အင်းရွာမှ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ရွာပေါင်း ၈ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း Democracy Movement Strike Committee-Dawei အဖွဲ့မှ တာဝန်ရှိသူနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာနှင့် စစ်ပြဲရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းရှိသေးကြောင်း၊ ထိုစစ်ကြောင်းသည် […] The post လောင်းလုံးတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဂေါ့အင်းရွာမှ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊ ရွာပေါင်း ၈ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရ appeared first on Khit Thit Media .
Go to News Site