Collector
၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့် | Collector
၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်
Khit Thit Media

၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်

ရန်ကုန်၊ မေ ၂၃ မြန်မာနိုင်ငံတွင် ပရဟိတ၊ လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေးကဏ္ဍများ၌ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူထုအကျိုး ပြုလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်နေသူများကို ဂုဏ်ပြုပေးအပ်သည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ၏ ၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။ ယနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်နေသော ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ယင်းသို့ ဦးမင်းကိုနိုင်ကို ၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ် တရားဝင် ကြေညာလိုက်ခြင်း ဖြစ်သည်။ ဦးမင်ကိုနိုင်သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းကြီးမှစတင်၍ ယနေ့ နွေဦးတော်လှန်ရေးတွင်ပါ တက်ကြွစွာ ဦးဆောင်ပါဝင်နေခြင်းနှင့် ပြည်သူလူထုဘက်မှ အမြဲမပြတ်ရပ်တည်ခဲ့ခြင်းကြောင့် […] The post ၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့် appeared first on Khit Thit Media .

Go to News Site