Khit Thit Media
ရန်ကုန်၊ မေ ၂၃ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် ညောင်ဦးမြို့နယ်အပြင်၊ မကွေးတိုင်း၊ ချောက်မြို့နယ်တို့ရှိ ကျေးရွာများကို ယနေ့ မေလ ၂၃ ရက်နေ့တွင် စစ်တပ်နှင့် ပျူစောထီး (ပြည်သူ့စစ်) ပူးပေါင်းစစ်ကြောင်းများက ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ခြင်းနှင့် ဒေသခံအမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်သွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာနှင့် ကျောက်တိုင်ကျေးရွာတို့သို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ၅ စီးဖြင့် အင်အားသုံး ဝင်ရောက်စီးနင်းခဲ့သည်။ ထိုသို့ ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ပြည်သူပိုင် မြေပဲမျိုးအိတ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ရွှေထည်ပစ္စည်းများကို ကား ၄ စီးအပြည့် အဓမ္မတင်ဆောင်ကာ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ “လူငယ်ရယ်လို့ […] The post မန္တလေးနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများ လုယက်ကာ ကျောင်းသားလူငယ်များနှင့် အမျိုးသားများကို ပေါ်တာဆွဲ ဖမ်းဆီးသွား appeared first on Khit Thit Media .
Go to News Site