Khit Thit Media
ရန်ကုန်၊ မေ ၂၃ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရက်ချာဆီမာခရိုင်ရှိ အမှိုက်စွန့်ပစ်ရာနေရာတစ်ခုတွင် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသားအလုပ်သမား ကိုအောင်ဇော်ကို ဝိုင်းဝန်းရိုက်နှက်၍ ဓားဖြင့်ထိုးသတ်ခဲ့မှုဖြင့် အသက် ၁၃ နှစ်မှ ၁၉ နှစ်အရွယ်ရှိ ထိုင်းလူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရှိရသည်။ မေလ ၂၀ ရက်နေ့ ညနေပိုင်း နခွန်ရက်ချာဆီမာခရိုင်၊ မောင်မြို့နယ် (Muang District) အတွင်းရှိ သနွန်ချီရာ (Thanonchira) မီးရထားသံလမ်းအနီးရှိ အမှိုက်စွန့်ပစ်ရာနေရာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံး သူ မြန်မာနိုင်ငံသား အောင်ဇော် မှာ အမှိုက်ပုံ၊ ဆိုဖာအဟောင်းတစ်ခုအနီးတွင် ရင်ဘတ်၌ ဓားထိုးဒဏ်ရာဖြင့် သွေးအိုင်ထဲတွင် လဲကျနေခဲ့ကြောင်း၊ ၎င်းသည် သေဆုံးခြင်းမရှိမီ ၎င်း၏အိတ်ကို တင်းကျပ်စွာဆုပ်ကိုင်၍ […] The post ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား ကိုအောင်ဇော်ကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ထိုင်းလူငယ် ၄ ဦးကို ဖမ်းဆီးရမိ appeared first on Khit Thit Media .
Go to News Site