Popular Journal
Credit to Popular Journal - တရုတ်နိုင်ငံသည် ၎င်း၏ Tiangong အာကာသစခန်းသို့ ရှန်ကျိုး-၂၃ (Shenzhou-23) အာကာသမစ်ရှင်ဖြင့် အာကာသယာဉ်မှူး ၃ ဦးကို တနင်္ဂနွေနေ့တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းမစ်ရှင်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းတွင် စံချိန်တင်ကာလရှည်ကြာမည့် မစ်ရှင်တစ်ခုဖြစ်လာနိုင်ပြီး အာကာသအတွင်း လူသားဇီဝကမ္မဗေဒဆိုင်ရာ ရေရှည်လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသည်။ Shenzhou-23 အာကာသယာဉ်ကို တရုတ်အနောက်မြောက်ပိုင်း ဂျူကွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F Y23 ဒုံးပျံဖြင့် ည ၁၁ နာရီ ၈ မိနစ်တွင် လွှတ်တင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းမစ်ရှင်တွင် ဟောင်ကောင်ရဲအင်စပက်တာဟောင်း လီကျားကျင် ပါဝင်မည်ဖြစ်ပြီး ၎င်းသည် တရုတ်အာကာသမစ်ရှင်တွင် ပါဝင်သည့် ပထမဆုံး ဟောင်ကောင်အာကာသယာဉ်မှူး ဖြစ်လာမည်ဖြစ်သည်။ အခြားအဖွဲ့ဝင်များမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အာကာသယာဉ်မှူးဌာနမှ ဇူယန်ကျူးနှင့် ပိုင်းလော့ […] The post တရုတ်၏ ရှန်ကျိုး-၂၃ အာကာသမစ်ရှင်တွင် အာကာသယာဉ်မှူး ၃ ဦး စေလွှတ်မည် appeared first on Popular .
Go to News Site