Collector
ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည် | Collector
ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည်
Popular Journal

ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည်

Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်ဆိပ်ကမ်းသို့  Strategy Win Trading ကုမ္ပဏီနှင့် AEG ကုမ္ပဏီတို့ ပူးပေါင်းပြီး ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည်ဖြစ်ကြောင်း သိရသည်။  ဆက်လက်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ပုသိမ်စက်မှုဆိပ်ကမ်းမှနေ၍ ဆန်များတိုက်ရိုက် တင်ပို့မည့်အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ဘဏ္ဍာနှစ်အလိုက် ပြောင်းတင်ပို့မှုအခြေအနေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။    တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပုသိမ်စက်မှု ဆိပ်ကမ်းမှတဆင့် တိုင်းဒေသကြီး၏ ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအပြင် ပြည်ပမှကုန်များကိုလည်း တိုင်းဒေသကြီးအတွင်း ပြန်လည်တင်သွင်းနိုင်ရေး ရည်မှန်းချက်ထားရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားခဲ့သည်။ The post ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည် appeared first on Popular .

Go to News Site