Khit Thit Media
ရန်ကုန်၊ မေ ၂၄ မြန်မာနိုင်ငံအပေါ် အချို့သောနိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားသော်လည်း နိုင်ငံစုံကုန်သွယ်ရေးစနစ်မှတစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိနေကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အမျိုးသားစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အောင်ကျော်ဟိန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ မေလ ၂၂ ရက်နေ့ ကျင်းပသည့် တရုတ်နိုင်ငံ စူကျိုးမြို့၌ ကျင်းပခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) နှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ် (CPTPP) အဖွဲ့ဝင်နိုင်ငံများ၏ ဆွေးနွေးပွဲတွင် အောင်ကျော်ဟိန်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းပြီး စည်းမျဉ်းအခြေခံသည့် ကုန်သွယ်ရေးစနစ်ကို အခိုင်အမာထောက်ခံကြောင်း၊ နိုင်ငံတချို့၏ စီးပွားရေးပိတ်ဆို့မှုများ ရှိနေသော်လည်း နိုင်ငံစုံကုန်သွယ်ရေးစနစ်သည် ကုန်သွယ်ရေးအခွင့် အလမ်းများနှင့် စီးပွားရေးကြီးထွားမှုအတွက် အထောက်အကူများစွာပြုသည်ကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့၏ […] The post မြန်မာနိုင်ငံအပေါ် အချို့သော နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများရှိသော်လည်း တရုတ်ဦးဆောင်သော နိုင်ငံစုံကုန်သွယ်ရေးစနစ်မှ တစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိနေဟု အကြမ်းဖက်စစ်တပ်ဝန်ကြီးက ထုတ်ပြော appeared first on Khit Thit Media .
Go to News Site