Khit Thit Media
ရန်ကုန်၊ မေ ၂၄ ကချင်ပြည်နယ်နှင့်ဆက်စပ်နေသော စစ်ကိုင်းတိုင်း၊ ကသုံးလုံးဒေသအတွင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ပြန်လည်စတင်ပြီး အကြမ်းဖက်စစ်တပ်၏ စခန်းများနှင့်ကင်းစခန်းများကို တောက်လျှောက်သိမ်းပိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က မန္တလေးမှ မြစ်ကြီးနားအထိ လမ်းတလျှောက်မြို့များကို တောက်လျှောက်သိမ်းပိုက်ပြီး မန္တလေး-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးတစ်ခုလုံးရှိ မြို့များနှင့် အဓိက လမ်းလုံခြုံရေးဂိတ်များကို ယခု မေလအစောပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရားများနှင့်စစ်အင်အားများကို ယာဉ်တန်းများဖြင့် စစ်တပ်က ပြန်လည် ဖြည့်တင်းခဲ့ကြောင်း၊ ယင်းနောက် KIA နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်များ ပြန်လည် စတင်ခဲ့ပြီး စခန်းများနှင့်လုံခြုံရေးအချက်အချာကျသော နေရာများကို ပြန်လည် သိမ်းပိုက်နေကြောင်း သိရှိရသည်။ “အင်းတော်နဲ့မော်လူးအကြားမှာလည်း စခန်းတွေ ပြန်သိမ်းတာရှိတယ်။ နောက်တစ်ခုက […] The post ကချင်ပြည်နယ်နှင့်ဆက်စပ်နေသော စစ်ကိုင်းတိုင်း၊ ကသုံးလုံးဒေသအတွင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ပြန်လည်စတင်ပြီး အကြမ်းဖက်စစ်တပ်၏ စခန်းများနှင့်ကင်းစခန်းများကို တောက်လျှောက်သိမ်းနေ appeared first on Khit Thit Media .
Go to News Site