Khit Thit Media
ရန်ကုန်၊ မေ ၂၄ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းဆည်းရမိသည့် စာရွက်စာတမ်းများအရ စစ်ကောင်စီနှင့် ပတ်သက်နေသော တော် လှန်ရေးအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်အချို့နှင့် မြို့ခံပြည်သူအချို့၏ အချက် အလက်များကို ရရှိထားပြီးဖြစ်၍ ကာယကံရှင်များအနေဖြင့် အချိန်မီ ပြင်ဆင်ကာ တော်လှန်ရေးလမ်းကြောင်းမှန်ပေါ်၌ ပြန်လည်ရပ်တည်ပေးကြပါရန် အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက သတိပေးတိုက်တွန်းပြောကြားလိုက်သည်။ မေလ ၁၆ ရက် နံနက်ပိုင်း ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန၏ Operation OTT စစ်ဆင်ရေးဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းစခန်းသိမ်းတိုက်ပွဲအတွင်းမှ ဖမ်းဆီးရရှိသည့် သုံ့ပန်းများနှင့် သိမ်းဆည်းရမိသော ဌာနဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ စစ်ဆေးမေးမြန်းလျက်ရှိရာ စိုင်ပြင်မြို့ပေါ်မှ ပြည်သူအချို့နှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်အချို့သည် […] The post စိုင်ပြင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်နှင့် ပတ်သက်သူများ၏ အချက်အလက်များ ရရှိထားသဖြင့် အချိန်မီ ပြင်ဆင်၍ လမ်းကြောင်းမှန်ပေါ် ရပ်တည်ကြရန် ရွှေဘိုခရိုင်စစ်ဌာနက သတိပေး appeared first on Khit Thit Media .
Go to News Site