Khit Thit Media
ရန်ကုန်၊ မေ ၂၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ရာထူးရယူ ခန့်အပ်ပြီးနောက် လာမည့် ဇွန်လအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေကြောင်း အိန္ဒိယသတင်းမီဒီယာများက သတင်းဖော်ပြသည်။ အိန္ဒိယခရီးစဉ်သည် သူ့ကိုယ်သူ သမ္မတရာထူးခန့်အပ်ပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် သွားရောက်မည့် ပြည်ပခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။ လတ်တလောတွင် ခရီးစဉ်သွားရောက်မည့် ရက်စွဲအတိအကျနှင့် ဆွေးနွေးမည့် အစီအစဉ်အပြည့်အစုံကို နှစ်နိုင်ငံအစိုးရဘက်က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း၊ ယခုခရီးစဉ်သည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုကို ပြသနေကြောင်း၊ အိန္ဒိယနိုင်ငံ၏ ရေရှည်ကျင့်သုံးလာခဲ့သည့် “Act East” မူဝါဒ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း အိန္ဒိယသတင်းများက ဆိုသည်။ ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်၏ […] The post အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ့ ခန့်အပ်ထားသည့် သမ္မတရာထူးရယူပြီးနောက်ပိုင်း ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့် ဇွန်လတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် appeared first on Khit Thit Media .
Go to News Site