Popular Journal
Credit to Popular Journal - ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား(၂၇)ဦီးကိုထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေ ၂၄ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၆၈၅)ဦးကိုထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် (၁၃,၅၂၁)ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၁၆၄)ဦးတွင် လူဝင်မှုကြီးကြပ်ရေး(လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား(၆၆၂)ဦးရှိကြောင်း သိရသည်။ ထို့ကြောင့် ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၅၀၂)ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အ သင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့် ရှောက်ထားကြောင်း သိရသည်။ The post အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်သည့် တရုတ်နိုင်ငံသား (၂၇)ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေး လဝက ဥပဒေ၊ မူးယစ်ဥပဒေတို့ဖြင့်အရေးယူထားသည့် ပြည်ပနိုင်ငံသား(၆၆၂)ဦးရှိ appeared first on Popular .
Go to News Site