Collector
စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့ | Collector
စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့
Popular Journal

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

Credit to Popular Journal - ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။ မကွေးတိုင်း၊ စလင်းမြို့ရှိ အ.ထ.က(၁)နှင့် အ.ထ.က (၂)တွင်လည်း ကျောင်းအပ်နှံခြင်း ပထမရက်၌ ကျောင်းသား/သူများကျောင်းအပ်ရာတွင် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် စလင်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၃၁) ကျောင်းတွင်လည်း သတ်မှတ်အတန်းအလိုက် နိုင်ငံတော်ကအခဲ့ထောက်ပံ့ပေးထားသော ကျောင်းသုံးပုံ နှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများနှင့် ကျောင်းဝတ်စုံများကို ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/သူများအား ပြန်လည်ဖြန့်ဝေပေးလျက်ရှိသည်။ The post စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့ appeared first on Popular .

Go to News Site