Popular Journal
Credit to Popular Journal - ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြ င့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့ သောက်သုံးရေရရှိရေးလုပ်ငန်းများအနက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှုလုပ်ငန်းများ ယခုအခါ အောင်မြင်စွာပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထွာန်းစိမ့်စမ်းရေမှ သွယ်တန်းထားသည့် ပင်မပိုက်လိုင်းများ ပြီးစီးသဖြင့် ဗလိုင်အထက်ရပ်ကွက်ရှိ ဂါလန် (၃၀,၀၀၀) ဆံ့ ရေလှောင်ကန်သို့ ရေအဆက်မပြတ် ပို့လွှတ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေလှောင်ကန်မှတဆင့် ဗလိုင်အထက်ရပ်ကွက်၊ ပြ ည်သူ့ဆေးရုံအနီးတဝိုက်နှင့် တောင်ဇလပ်ရိပ်သာအနီးရှိ ပြည်သူများ၏ နေအိမ်များအထိ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ပြီဖြစ်သည်။ ဖလမ်းမြို့၏ ပင်မရေပေးဝေရေးလုပ်ငန်းများတွင် လိုင်ဗားဆည်ရေပေးဝေရေး၊ ဇာထီရ်စိမ့်စမ်းရေနှင့် ထွာန်းစိမ့်စမ်းရေတို့ ပါဝင်ပြီး လက်ရှိတွင် လိုင်ဗားဆည်၌ ရေစုပ်ယူနိုင်သည့် သတ်မှတ်ရေအမှတ်အောက် လျော့နည်းနေကြောင်းလည်း သိရသည်။ ယခင်က ဖလမ်းမြို့ရှိ ပြည်သူများသည် မြို့တွင်းရပ်ကွက်များရှိ […] The post ဖလမ်းမြို့ သောက်သုံးရေဖူလုံရေးအတွက် ထွာန်းစိမ့်စမ်းရေ ပင်မပိုက်လိုင်းသွယ်တန်းမှု ပြီးစီး appeared first on Popular .
Go to News Site