Popular Journal
Credit to Popular Journal - ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံ၌ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီးနှင့် မျက်စိရောဂါ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက AI နည်းပညာအသုံးပြု၍ မျက်စိစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် သန်လျင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများကလည်း လာရောက်ကုသမှုခံယူသူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြု လုပ်ပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မေ ၂၄ ရက်တွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ခြင်ကျားပိုးလောက်လန်းနှိမ်နင်းရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ ခြင်လောက်လန်းသေဆေး(အဘိတ်)ခတ်ခြင်းလုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်စေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာ ရေးအသိပညာမျှဝေခြင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့ကိုလည်း ကြည့်ရှုအားပေးခဲ့သည်။ The post မရမ်းကုန်းမြို့နယ်တွင် AI နည်းပညာဖြင့် မျက်စိစမ်း သပ်စစ်ဆေးပေး appeared first on Popular .
Go to News Site