Collector
အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး အကြံဥာဏ်ရယူဆွေးနွေး | Collector
အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး အကြံဥာဏ်ရယူဆွေးနွေး
Popular Journal

အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး အကြံဥာဏ်ရယူဆွေးနွေး

Credit to Popular Journal - ယနေ့(မေ ၂၅ )ရက်က ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဘောလုံးအားကစားတိုးတက်ရေးအတွက် အာရှလက်ရွေး စင်ဟောင်း ဘောလုံးအားကစားသမားများ၏ အကြံဉာဏ်ကို ရယူဆွေးနွေးခဲ့ကြောင်း သိရသည်။ အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသများ၏ အောင်မြင်မှုများကို လူငယ်များအနေဖြင့် ယနေ့အချိန်ထိဂုဏ်ယူအားကျနေရကြောင်း၊ ယခုအခါ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုကျင်းပလျက်ရှိသကဲ့သို့ လိဂ်ပြိုင်ပွဲများကိုလည်း ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားခဲ့သည်။ အားကစား သိပ္ပံကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၏ ဘောလုံးအားကစားနည်း တိုးတက်စေရေးအတွက်လည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ဝန်ကြီးချုပ်ဦးအေးကျော်က ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစား သမားများကြီးများဖြစ်ကြသည့် ဦးတင်အောင်(ဂိုး)နှင့် ဦးအေးမောင်ကြီးတို့က ဧရာဝတီတိုင်းဒေသကြီး၏ ဘောလုံးအားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားကြီးနှစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ The post အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး အကြံဥာဏ်ရယူဆွေးနွေး appeared first on Popular .

Go to News Site