Khit Thit Media
ရန်ကုန်၊ မေ ၂၄ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာဥက္ကဋ္ဌ နေမင်းစိုးက ငလျင်ဘေးသင့်နေအိမ်များကို ထောက် ပံ့ကြေးမပေးဘဲ အိမ်မပြိုသည့်မိသားစုများထံသို့ လာဘ်ငွေယူ ထောက်ပံ့ကြေးပေးအပ်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာအုပ်စုတွင် စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများကို စစ်တပ်က ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြောင်း၊ ထိုသို့ ပေးအပ်သော်လည်း သင်ပန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး နေမင်းစိုးက အမှန်တကယ် ဘေးသင့်သူများကို ထောက်ပံ့ကြေး မပေးဘဲ တမင်ချန်လှပ်ထားပြီး၊ အိမ်တစ်စုံတစ်ရာ ပြိုကျပျက်စီးခြင်းမရှိသည့် မိသားစုများထံမှ လာဘ်ငွေယူကာ မတန်မဆ ထောက်ပံ့မှုများ ပေးအပ်နေကြောင်း သိရှိရသည်။ အဆိုပါကျေးရွာအုပ်စုအတွင်း ငလျင်ကြောင့် နေအိမ်ပြိုကျ ပျက်စီးသွားသည့်အပြင် မိသားစုဝင်များပါ ဒဏ်ရာရရှိကာ […] The post ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာဥက္ကဋ္ဌ နေမင်းစိုးက ငလျင်ဘေးသင့်နေအိမ်များကို ထောက်ပံ့ကြေးမပေးဘဲ အိမ်မပြိုသည့်မိသားစုများထံသို့ လာဘ်ငွေယူ ထောက်ပံ့ကြေးပေးအပ် appeared first on Khit Thit Media .
Go to News Site