Popular Journal
Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေ ၂၅ ရက်က သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုများကြုံတွေ့ခဲ့ရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်၊ ဦးဘဟန်လမ်း၌ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်က သစ်ပင်တစ်ပင် လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ အလားတူ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေရောင်တော်ကျေးရွာနှင့် ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် မြောက်ကုန်းရပ်တို့တွင်လည်း သစ်ပင်များ လဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့၌ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် […] The post ရန်ကုန်၊ မကွေးနှင့် ပဲခူးတို့တွင် သစ်ပင်လဲကျမှုများကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့များ အချိန်မီရှင်းလင်း appeared first on Popular .
Go to News Site