Popular Journal
Credit to Popular Journal - ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ၂၇၁၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရဿည်။ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှကောက်ခံမှုမရှိဘဲ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ (၁,၁၇၃,၃၄၇) ဦး ပညာသင်ကြားခဲ့ပြီး ယခုနှစ်ကျောင်းအပ်နှံချိန်မှစတင်၍ ယမန်နှစ်ကထက် ကျောင်းတက်ဦးရေ တိုးတက်အပ်နှံနိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။ The post ရန်ကုန်တိုင်းတွင် အခြေခံပညာကျောင်း ၂၇၀၀ ကျော် နှင့် ကိုယ်ပိုင်ကျောင်း ၃၇၀ ကျော်တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံနေပြီဖြစ် appeared first on Popular .
Go to News Site