Collector
ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းက စားမှုကျူးလွန်ရာတွင်အသုံးပြုသည့် တရားမဝင်အ ဆောက်အအုံများအနက် (၃)လုံးကိုဦးစွာဖြိုချဖျက်ဆီး | Collector
ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းက စားမှုကျူးလွန်ရာတွင်အသုံးပြုသည့် တရားမဝင်အ ဆောက်အအုံများအနက် (၃)လုံးကိုဦးစွာဖြိုချဖျက်ဆီး
Popular Journal

ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းက စားမှုကျူးလွန်ရာတွင်အသုံးပြုသည့် တရားမဝင်အ ဆောက်အအုံများအနက် (၃)လုံးကိုဦးစွာဖြိုချဖျက်ဆီး

Credit to Popular Journal - လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာတွင်အသုံးပြုသည့် အ ဆောက်အအုံ(၇၇)လုံးကို စစ်ဆေးဖော်ထုတ်ခဲ့ကြသည်။ ယင်း အဆောက်အအုံ(၇၇)လုံးအားချိတ်ပိတ်၍ ဖြိုချဖျက်ဆီးရန် အဆောက်အဦအမျိုးအစားအလိုက် ပထ မဆင့်ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက် အအုံ(၅၇)လုံး၊ ဒုတိယအဆင့်ဖောက်ခွဲဖျက်ဆီးမည့် အဆောက်အအုံ(၂၀)လုံးကို အဆင့်(၂)ဆင့်ဖြင့်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဖြိုချဖျက်ဆီးခဲ့သည်။ ထို့ကြောင့် မေ ၂၅ ရက်တွင် ပထမအဆင့် ယာဉ်ယန္တ ရားဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်ရာ ၌အသုံးပြုခဲ့သည့် (၄)ထပ်အဆောက်အအုံ(၂)လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီး ယခင် (၁၃)ထပ်အဆောက်အအုံ(၁) လုံးသည်လည်း ဖြိုချဖျက်ဆီးပြီးဖြစ်ရာ အဆောက်အ အုံ(၃)လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်သည်။ ထို့ပြင် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ (၇၄)လုံးကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်သည်။ The post ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းက စားမှုကျူးလွန်ရာတွင်အသုံးပြုသည့် တရားမဝင်အ ဆောက်အအုံများအနက် (၃)လုံးကိုဦးစွာဖြိုချဖျက်ဆီး appeared first on Popular .

Go to News Site