Collector
ဥပဒေအရာရှိများအနေဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် ပြည်ထောင်စုရှေ့နေချုပ်လမ်းညွှန် | Collector
ဥပဒေအရာရှိများအနေဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် ပြည်ထောင်စုရှေ့နေချုပ်လမ်းညွှန်
Popular Journal

ဥပဒေအရာရှိများအနေဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် ပြည်ထောင်စုရှေ့နေချုပ်လမ်းညွှန်

Credit to Popular Journal - ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိနားလည်ပြီး လုပ်ငန်းလမ်းညွှန်သဖွယ် လိုက်နာကျင့်သုံးခြင်းဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းဥပဒေရေးရာ  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ကပြောသည်။ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန်တာဝန်ရှိသည့် ဥပ‌ဒေအရာရှိများအား ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း (Interview) ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုစဉ် ပြည်ထောင်စုရှေ့နေချုပ် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း (Interview) အစီအစဉ်သည် ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက ဥပဒေအရာရှိတစ်ဦးချင်းစီအား ဥပဒေအရာရှိကျင့်ဝတ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခြင်း လည်း ဖြစ်သည်။ ဥပဒေရေးရာဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများ၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများအား သက်ဆိုင်ရာဥပဒေ အရာရှိကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက သတ်မှတ်ထားသော ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။ The post ဥပဒေအရာရှိများအနေဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် ပြည်ထောင်စုရှေ့နေချုပ်လမ်းညွှန် appeared first on Popular .

Go to News Site