Collector
ရာသီပေါ်အင်ဥများ စျေးကောင်းရနေ | Collector
ရာသီပေါ်အင်ဥများ စျေးကောင်းရနေ
Popular Journal

ရာသီပေါ်အင်ဥများ စျေးကောင်းရနေ

Credit to Popular Journal - စျေးကွက်အတွင်း ရာသီပေါ်အင်ဥဈေးနှုန်းများ စျေးကောင်းရနေကြောင်း စျေးသည်များထံမှ စုံစမ်းသိရှိရသည်။ ရာသီပေါ်အင်ဥများဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ ကျော်အထိရှိနေပြီး ဈေးနှုန်းမြင့် မားမှုကြောင့် ရောင်းချသည့်ဈေးသည်လည်း နည်းပါးလျက်ရှိကြောင်း သိရသည်။ အင်ဥထွက်ရှိရာဒေသများ၏ နယ်မြေအခြေအနေနှင့်သယ်ယူရခက်ခဲမှု၊ စရိတ်မြင့်မားမှုများကြောင့် အင်ဥ ဈေးနှုန်းများမြင့်မားနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အင်ဥဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ မှ ၁၃၀,၀၀၀ အထိရှိနေကြာင်း၊ အင်ဥများမှာ ကောလင်း၊ ဝန်းသို၊ ကသာ၊ ဗန်းမော် စသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်များမှ ထွက်ရှိခြင်းဖြစ်သည်။ ယခုအခါ အဆိုပါဒေသများမှာ နယ်မြေအခြေအနေအရသွားလာရခက်ခဲမှုများကြောင့် ဈေးကွက်အတွင်းကုန်ပစ္စည်းတင်ပို့နိုင်မှုနည်းပါးနေခြင်းကြောင့်လည်း အင်ဥ ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်သည်။ အင်ဥသည် မိုးရာသီအစတွင် ပိုပေါ်တတ်ပြီး အများအားဖြင့်  မေလမှ ဇူလိုင်လအထိရနိုင်ပြီး မိုးကျပြီးနောက် ညဘက်တွင် ထွက်လာတတ်ကြောင်း သိရသည်။ The post ရာသီပေါ်အင်ဥများ စျေးကောင်းရနေ appeared first on Popular .

Go to News Site