Collector
နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား သတိပေး | Collector
နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား သတိပေး
Popular Journal

နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား သတိပေး

Credit to Popular Journal - ရုရှားတပ်များက ယူကရိန်းမြို့တော်ကို အကြီးအကျယ်တိုက်ခိုက်ပြီးနောက်တွင် နိုင်ငံခြားသားများကို ကိဗ်မြို့တော်မှ ထွက်ခွာကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် တိုက်တွန်းခဲ့သည်။  ရုရှားတပ်များသည် ဒရုန်းများကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပရိုဂရမ်ရေးသားခြင်း၊ စစ်ဆင်ရေးအတွက် ၎င်းတို့ကို ပြင်ဆင်ခြင်း အပါအဝင် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်း၏ လုပ်ငန်းဌာနများကို အစီအစဉ်တကျ၊ စဉ်ဆက်မပြတ် တိုက်ခိုက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပြီး ယူကရိန်းတပ်များသည် သောကြာနေ့က ရုရှားတက္ကသိုလ်တစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ တိုက်ခိုက်မှုများသည် ဆုံးဖြတ်ချက်ချမှတ်ရေးဌာနများနှင့် အမိန့်ပေးရေးစခန်းများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။ အထက်ဖော်ပြပါ အဆောက်အအုံများသည် ကိဗ်မြို့တစ်ဝန်းတွင် ပြန့်ကျဲတည်ရှိသောကြောင့် သံတမန်ရေးရာမစ်ရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင် နိုင်ငံခြားသားများ မြို့မှ အမြန်ဆုံးထွက်ခွာရန် လိုအပ်ကြောင်းကို မိမိတို့ အသိပေးကြောင်း ဖော်ပြခဲ့သည်။ ကိဗ်မြို့ခံများအနေဖြင့် ယူကရိန်းစစ်ဘက်နှင့် အစိုးရအဆောက်အအုံများ အနီးသို့ မသွားရောက်ရန်လည်း […] The post နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား သတိပေး appeared first on Popular .

Go to News Site