Popular Journal
Credit to Popular Journal - တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို လာမည့် ဇွန် ၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်က လက်မှတ်ရေးထိုး၍ ကြေညာချက်အမှတ်(၁/၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄ နှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ တို့အရ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဖွဲ့စည်းခဲ့သည့် ကော်မတီအသီးသီးက သက်ဆိုင်ရာ ကော်မတီအလိုက်အစည်းအဝေးများပြုလုပ်လျက်ရှိသည်။ The post တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၉ ရက်၌ကျင်းပမည် appeared first on Popular .
Go to News Site