Khit Thit Media
ရန်ကုန်၊ မေ ၂၆ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်စပ်၊ မြန်မာနိုင်ငံဘက်အခြမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့်ဖြစ်စဉ်သည် မိမိတို့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ မွတ်စလင်လက်နက်ကိုင်အဖွဲ့များ စိုးမိုးလှုပ်ရှားရာနေရာ၌ ဖြစ်ပွားခဲ့ခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ယနေ့ မေလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ ဘန်ဒရီဘန် (Bandarban) ခရိုင်၊ နိုင်ခေံဆရီ (Naikhyangchari) မြို့နယ် (ရက္ခိုင်အခေါ် နတ်ကျောက်ဆရီမြို့နယ်)၊ ဂမ်ဒမ် (Gumdhum) ကျေးရွာအုပ်စုအတွင်းရှိ နယ်စပ်စည်းမျဉ်း (Zero Line) ၏ မြန်မာနိုင်ငံဘက်ခြမ်းတွင် မေလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံသား […] The post ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးမှု AA နှင့်မပတ်သက်ဘဲ မွတ်စလင်လက်နက်ကိုင်များ စိုးမိုးသောနေရာတွင် ဖြစ်ပွားဟု AA က သတင်းထုတ်ပြန် appeared first on Khit Thit Media .
Go to News Site