Popular Journal
Credit to Popular Journal - ချင်းပြည်နယ်၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ် ငန်းသုံးပစ္စည်းများနှင့် ဒေသခံများအတွက် လူသုံးကုန် ပစ္စည်းများ မေ ၂၆ ရက်ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။ တပ်မတော်က ဖလမ်းမြို့အားအပြည်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် မြို့အားပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဘိလပ် မြေ၊ သွပ်၊ သွပ်ရိုက်သံတို့အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖို ချောင်သုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများကို မေ ၂၅ ရက်တွင်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို တပ်မတော်လေယာဥ်များဖြင့် ကလေးမြို့သို့ပို့ဆောင်ပေးပြီးနောက် က လေးမြို့မှတစ်ဆင့် ဖလမ်းမြို့သို့ မော်တော်ယာဥ်များဖြင့်ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့သို့ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီး ဒေသခံများလက်ဝယ်အရောက်ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကာ ပို့ဆောင်ရန်ကျန်ရှိသည့် မြို့များသို့လည်းဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ The post ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများရောက်ရှိ appeared first on Popular .
Go to News Site