Collector
ပြည်သူလိုအပ်ချက်အစစ်ကို လွှတ်တော်တွင်တင်ပြကြရန် ဦးခင်ရီ တိုက်တွန်း | Collector
ပြည်သူလိုအပ်ချက်အစစ်ကို လွှတ်တော်တွင်တင်ပြကြရန် ဦးခင်ရီ တိုက်တွန်း
Popular Journal

ပြည်သူလိုအပ်ချက်အစစ်ကို လွှတ်တော်တွင်တင်ပြကြရန် ဦးခင်ရီ တိုက်တွန်း

Credit to Popular Journal - ဦးခင်ရီက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ အမှန်တကယ်လိုအပ်နေသည့် ကိစ္စရပ်များကို လွှတ်တော်တွင် တင်ပြမေးမြန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၂၆ ရက်တွင် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများနှင့် နိုင်ငံတော်အကျိုးအတွက် တက်တက်ကြွကြွဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ မှားယွင်းမှုမရှိစေရန် ဂရုပြုရန်လိုကြောင်း၊ ခေတ်စနစ်နှင့် မလျော်ညီတော့သည့် တည်ဆဲဥပဒေများကို စနစ်တကျ လေ့လာသုံးသပ်ကာ ပြင်ဆင်၊ ဖြည့်စွက်ပြဋ္ဌာန်းသင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။ ထို့ပြင် အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေမူကြမ်းကို ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် လွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။ “လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်းတွေတင်သွင်းမေးမြန်းရာမှာ ပြည်သူတွေအမှန်တကယ်လိုအပ်တာတွေကို တင်ပြမေးမြန်းဖို့လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအခြေအနေနှင့် […] The post ပြည်သူလိုအပ်ချက်အစစ်ကို လွှတ်တော်တွင်တင်ပြကြရန် ဦးခင်ရီ တိုက်တွန်း appeared first on Popular .

Go to News Site