Collector
တီးတိန်မြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပ စ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဆက်လက်ပို့ဆောင် | Collector
တီးတိန်မြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပ စ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဆက်လက်ပို့ဆောင်
Popular Journal

တီးတိန်မြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပ စ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဆက်လက်ပို့ဆောင်

Credit to Popular Journal - ချင်းပြည်နယ်၊ တီးတိန်မြို့အား တပ်မတော်ကအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပ စ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများအား မန္တလေးတိုင်းမှတစ်ဆင့်ပို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ယင်းမှတစ်ဆင့် တီးတိန်မြို့သို့မော်တော်ယာဥ်များဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သွပ်၊ သံများနှင့် လူသုံးကုန်ပစ္စည်းများတင်ဆောင်လာသောမော်တော်ယာဉ်များ တီးတိန်မြို့သို့ရောက်ရှိချိန်၌ ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သိရသည်။ ယင်း ကုန်ပစ္စည်းများအား ဒေသခံများလက်ဝယ်အရောက်ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကာ တွန်းဇံမြို့သို့လည်း ကုန်ပစ္စည်းများကို ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ The post တီးတိန်မြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပ စ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဆက်လက်ပို့ဆောင် appeared first on Popular .

Go to News Site