Popular Journal
Credit to Popular Journal - မန္တလေးတိုင်းဒေသကြီးတွင် အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းဆောင်ရွက်ရန် ရည်ရွယ်၍ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်ဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ မိုဘိုင်းအော်ပရေတာ၊တာဝါကုမ္ပဏီများ၊ ဖိုက်ဘာကုမ္ပဏီများ၊ ISP ကုမ္ပဏီများမှတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဖိုရမ်ကို မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကွန်ရက်လိုင်းများ ကောင်းမွန်မှုရှိစေရန်၊အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဖိုရမ်ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်နှင့် အတွင်းရေးမှူး ဦးကျော်စွာထွန်း၊ ဆက်သွယ်ရေးဦးစီးဌာန တိုင်းဒေသကြီးရုံးခွဲတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ The post အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းရန်ဆွေးနွေး appeared first on Popular .
Go to News Site