Popular Journal
Credit to Popular Journal - MSME များ တရားဝင်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးနှင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီရေးဆွေးနွေး စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နိုင်ငံတစ်ဝန်းရှိ MSME များ တရားဝင်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက် Single Window စနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ MSME လုပ်ငန်းရှင်များအနေဖြင့် မိုဘိုင်းအက်ပ်များမှတစ်ဆင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုပြင် e-Learning Platform များ တည်ထောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လာမည့် ဇွန် ၂၇ ရက်တွင် ကျရောက်မည့်နိုင်ငံတကာအသေးစား၊ အငယ်စားနှင့် အလတ်စား […] The post ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ appeared first on Popular .
Go to News Site