Khit Thit Media
ရန်ကုန်၊ မေ ၂၈ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အပေါ် မြန်မာပြည်သူ လူထုက များစွာစိုးရိမ်ပူပန်မိပြီး ကန့်ကွက်ကြောင်း ဖော်ပြထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သဝဏ်လွှာကို နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ထံသို့ ပေးပို့လိုက်ကြောင်း သိရသည်။ မေလ ၂၇ ရက်နေ့ ပေးလိုက်သော အဆိုပါ ကန့်ကွက်သဝဏ်လွှာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းခံရချိန်မှစတင်ကာ ရေရှည်ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ကြီးမားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုက္ခဝေဒနာများကို ခံစားနေရကြောင်း၊ ယင်းကဲ့သို့သော အခြေအနေများတွင် စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုပေးသည်ဟု ရှုမြင်နိုင်သည့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ကြောင်း ကန့်ကွက်ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ပြုလုပ်သည့် မည်သည့်အတုအယောင်ရွေး ကောက် […] The post အကြမ်းဖက် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံသို့ NUG အစိုးရက သဝဏ်လွှာပေးပို့ appeared first on Khit Thit Media .
Go to News Site