Khit Thit Media
ရန်ကုန်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးအောင်ပွဲအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ ယနေ့ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမြောက်ဘက်ကို ရွှေဘိုမြို့မှ အကြမ်းဖက် စစ်သားများ လွှတ်တင်လိုက်သော အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း နေအိမ် ၁ လုံးကို ထိမှန်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ပြည်သူနေထိုင်တဲ့ ရွာထဲကို အသေခံဒရုန်းနဲ့ တိုက်ခိုက်သွားတာ ပြည်သူ […] The post ဝက်လက်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး appeared first on Khit Thit Media .
Go to News Site