Collector
သုခဒဂုံအိမ်ရာတွင် ထပ်တိုးအခန်း ၇၇၆ ခန်း ထပ်မံနေထိုင်နိုင်တော့မည် | Collector
သုခဒဂုံအိမ်ရာတွင် ထပ်တိုးအခန်း ၇၇၆ ခန်း ထပ်မံနေထိုင်နိုင်တော့မည်
Popular Journal

သုခဒဂုံအိမ်ရာတွင် ထပ်တိုးအခန်း ၇၇၆ ခန်း ထပ်မံနေထိုင်နိုင်တော့မည်

Credit to Popular Journal - ဆေးပေးခန်း၊ ဈေး၊ နေ့ကလေးထိန်းကျောင်းနှင့် ယာဉ်လိုင်းများပါ တည်ဆောက်ထား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် မြေညီထပ်ကာရံခြင်းလုပ်ငန်းများ ပြီးစီးပါက ထပ်တိုးအခန်းပေါင်း (၇၇၆)ခန်းကို ပြည်သူများ ထပ်မံနေထိုင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၈ ရက် နံနက်ပိုင်းက သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအိမ်ရာများနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ပထမအဆင့်တွင် (၄)ခန်းတွဲ၊ (၅)ထပ် အဆောက်အဦ (၁၉၄)လုံးနှင့် အခန်းပေါင်း (၃,၁၀၄)ခန်း ဆောက်လုပ်ပြီးဖြစ်ကာ လက်ရှိတွင် ပြည်သူများ ငှားရမ်းနေထိုင်လျက်ရှိကြောင်း သိရသည်။ ယင်းအဆောက်အဦ (၁၉၄)လုံး၌ မြေညီထပ်ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ထပ်တိုးအခန်းပေါင်း […] The post သုခဒဂုံအိမ်ရာတွင် ထပ်တိုးအခန်း ၇၇၆ ခန်း ထပ်မံနေထိုင်နိုင်တော့မည် appeared first on Popular .

Go to News Site