Popular Journal
Credit to Popular Journal - နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ နှစ်ထပ်အဆောက်အအုံသစ်အား နေပြည်တော်၊ ဥတ္တရသီ ရိမြို့နယ်၌ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိသည်။ အဆိုပါ နှစ်ထပ်အဆောက်အအုံအသစ်တည်ဆောက်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှုတို့ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက မေ ၂၈ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ခုံရုံးဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများတွင်အ သုံးပြုမည့်ပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ မြေငလျင်ပြင်းအား(၈)မဂ္ဂနီကျုအထိခံနိုင်ရည်ရှိစေရန် အရည်အသွေးပြည့်မီစွာဆောင်ရွက်ရေး၊ မိုးရာ သီမတိုင်မီ အုတ်မြစ်လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အ ဆောက်အအုံတစ်ခုလုံးအနေဖြင့် သတ်မှတ်ကာလအ တွင်းပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စည်း ကမ်းချက်များနှင့်အညီဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ ကုမ္ပဏီမှ တာဝန်ရှိသူများကလည်း နှစ်ထပ်အဆောက် အအုံအသစ်ဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ The post နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အ ဆောက်အအုံသစ်အား နေပြည်တော်၌တည်ဆောက်နေ appeared first on Popular .
Go to News Site