Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား မေ ၂၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ယာယီညှိနှိုင်းရေးမှူးက မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေသည်ကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းရသူများကို မိမိဒေသပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း […] The post ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ Ms. Gwyn Lewis အား လက်ခံတွေ့ဆုံ appeared first on Popular .
Go to News Site