Collector
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ  ခုံရုံးအဆောက်အအုံအသစ် တည်ဆောက်နေ | Collector
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ  ခုံရုံးအဆောက်အအုံအသစ် တည်ဆောက်နေ
Popular Journal

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ  ခုံရုံးအဆောက်အအုံအသစ် တည်ဆောက်နေ

Credit to Popular Journal - မြေငလျင်ပြင်းအား ၈ မဂ္ဂနီကျုအထိ ခံနိုင်ရည်ရှိစေရန် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်မည် နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်ထပ် အဆောက်အအုံအသစ် တည်ဆောက်နေကြောင်း သိရသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို သတ်မှတ်ထားသော စံချိန် စံညွှန်းများနှင့်အညီ မြေငလျင်ပြင်းအား ၈ မဂ္ဂနီကျုအထိ ခံနိုင်ရည်ရှိစေရန် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ကပြောသည်။ ယမန်နေ့ က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်ထပ် အဆောက်အအုံအသစ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ မိုးရာသီမတိုင်မီ အုတ်မြစ်လုပ်ငန်းများကို အချိန်မီပြီးစီးရေး၊ အဆောက်အအုံတစ်ခုလုံးအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လည်း ဦးအောင်ဇော်သိန်း ကပြောကြားခဲ့သည်။ အဆိုပါ အဆောက်အအုံကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေခြင်းလည်း ဖြစ်သည်။ The post နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ  ခုံရုံးအဆောက်အအုံအသစ် တည်ဆောက်နေ appeared first on Popular .

Go to News Site