Popular Journal
Credit to Popular Journal - ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁၀) ခုကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများမှာ အင်္ဂလိပ်စာသင်ကြားရေး၊ အသုံးချစိတ်ပညာ၊ အသုံးချရူပဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့် သုတပညာ၊ မနုသဗေဒ၊ လူမှုရေးပညာ၊ အသုံးချဘူမိဗေဒနှင့် အရှေ့တိုင်းပညာ ဒီပလိုမာသင်တန်းများဖြစ်သည်။ အမှတ်စဉ် (၁) မှ (၈) အထိ သင်တန်းများသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ အစိုးရဝန်ထမ်းများနှင့် အခြားလုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဌာနဆိုင်ရာ အကြီးအကဲ၏ တက်ရောက်ခွင့်ပြုထောက်ခံချက်ပါရှိရမည်ဖြစ်သည်။ အသုံးချဘူမိဗေဒ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွင် Economic & Mining Geology၊ Exploration Geochemistry၊ Exploration Geophysics၊ Gemology၊ Hydrogeology၊ Engineering Geology နှင့် […] The post ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်၌ ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁၀) ခု ဖွင့်လှစ်မည် appeared first on Popular .
Go to News Site