Popular Journal
Credit to Popular Journal - နေပြည်တော်၌ ဘယ်လာရုစ်သံရုံးဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး မစ္စတာ အူလာဇမီယာ ဘာရာဗီကူ တို့ မေ ၂၈ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် နေပြည်တော်၌ ဘယ်လာရုစ်သံရုံးဖွင့်လှစ်နိုင်ရေးအပါအဝင် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား အပြန်အလှန်ခရီးစဉ်များမှတစ်ဆင့် နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် သဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ The post နေပြည်တော်၌ ဘယ်လာရုစ်သံရုံးဖွင့်လှစ်နိုင်ရေးဆွေးနွေး appeared first on Popular .
Go to News Site