Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပထမဦးဆုံး ပြည်သူ့စကားဝိုင်း (Public Talk) ကို ထန်းတောရပ်ကွက်၊ ရွှေကြာရုံကျောင်းတိုက်၊ ရွှေကြာဓမ္မဗိမာန်တော်တွင် ယနေ့မေလ (၂၉) ရက် ၊ နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများနှင့် ကျင်းပခဲ့ကြောင်း သိရသည်။ ပြည်သူ့စကားဝိုင်း မစတင်ခင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က မိတ်ဆက်စကားပြောကြားခဲပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ပြည်သူ့စကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက်ကို ချပြရှင်းလင်းသည်။ “စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက မြို့တွေမှာ ပြည့်သူ့စကားဝိုင်းတွေနဲ့ကျေးရွာတွေမှာ ကျေးလက်စကားဝိုင်းတွေကို ဖော်ဆောင်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့အညီ အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူတွေကြားမှာ ဆွေးနွေးနိုင်အောင်စီစဥ်ဆောင်ရွက်ပေးပါမယ်။ ရပ်ရွာဒေသတွေထဲမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ စကားဝိုင်းတွေကျင်းပသွားမှာပါ။ ဆွေးနွေးအဖြေရှာတဲ့ အလေ့အကျင့်ကောင်းတွေရရှိအောင် စကားဝိုင်းတွေဖော်ဆောင်နေတာပါ။ အများပြည်သူတွေစဥ်းစားတွေးခေါ်မှု ရင့်သန်လာစေဖို့နဲ့ ဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးတဲ့အလေ့အကျင့်ကောင်းတွေ ရရှိအောင် စကားဝိုင်းတွေကိုဖော်ဆောင်သွားမှာပါ” ဟု […] The post မုံရွာမြို့တွင် ပထမဦးဆုံး ပြည်သူ့စကားဝိုင်းကို ရပ်ကွက်နေပြည်သူများနှင့်ကျင်းပ appeared first on Popular .
Go to News Site