Collector
မအူပင်မြို့တွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စမ်းသပ်အကောင်အထည်ဖော်မည် | Collector
မအူပင်မြို့တွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စမ်းသပ်အကောင်အထည်ဖော်မည်
Popular Journal

မအူပင်မြို့တွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စမ်းသပ်အကောင်အထည်ဖော်မည်

Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို စတင်ရန် မြို့ခံပရဟိတအဖွဲ့နှင့် မြို့မိမြို့ဖများက ဦးဆောင်စီစဥ်နေကြောင်း သိရသည်။ “အဓိကတော့ စည်ပင်အင်အားက မလောက်တော့ အမှိုက်သိမ်းဆည်းရေးမှာ ပြည်သူတွေအလိုမကျတာတွေ ဖြစ်လာတယ်၊ ခုလုပ်မယ့်အစီအစဥ်ကလည်း မြို့ရဲ့တစ်ဝက်ကို အရင် ၂ လ စမ်းလုပ်ကြည့်မယ်၊ လုပ်ကြည့်လို့ အဆင်ချောမယ်ဆိုရင်တာ့ တရားဝင် စည်ပင်နဲ့စာချုပ်စာတမ်းနဲ့ ကန်ထရို-က်သဘောမျိုး လုပ်မယ်” ဟု မအူပင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက ပေါ်ပြူလာနယူးစ် သို့ဖြေကြားသည်။ ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စမ်းသပ်အကောင်အထည်ဖော်ခြင်းသည် အကျိုးအမြတ်ထက် မြို့နေပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ “လုပ်ခဲ့ရင်လည်း စည်ပင်ကကားတွေဘာတွေ ဘာတစ်ခုမှ မယူပဲ အသစ်ဝယ်သုံးမှာပါ။ အမှိုက်ခွန်နဲ့ပတ်သက်ပြီးတော့လည်း အမှိုက်တစ်အိတ်ကိုဘယ်လောက်နှုန်းဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထားတယ်၊မရှိတဲ့သူတွေက အမှိုက်သိပ်မထွက်ဘူး၊ ချမ်းသာတဲ့သူတွေက အမှိုက်ထွက်များတယ်ဆိုတော့ အဲ့လိုတော့ အကြမ်းဖျင်းသတ်မှတ်ထားတယ်” ဟု […] The post မအူပင်မြို့တွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စမ်းသပ်အကောင်အထည်ဖော်မည် appeared first on Popular .

Go to News Site