Collector
ဂူတွင်းပိတ်မိနေသူများကိုကယ်ဆယ်ရေးထိုင်းရေငုပ်သမားများပါဝင်မည် | Collector
ဂူတွင်းပိတ်မိနေသူများကိုကယ်ဆယ်ရေးထိုင်းရေငုပ်သမားများပါဝင်မည်
Popular Journal

ဂူတွင်းပိတ်မိနေသူများကိုကယ်ဆယ်ရေးထိုင်းရေငုပ်သမားများပါဝင်မည်

Credit to Popular Journal - ပြီးခဲ့သည့် သီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကာ ဂူတစ်ခုအတွင်း ပိတ်မိသွားခဲ့သူများကို ကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီရန်အတွက် ရေငုပ်အထူးကျွမ်းကျင်သော အဖွဲ့တစ်ဖွဲ့ လာအိုနိုင်ငံအလယ်ပိုင်းသို့ လာရောက်နေပြီဖြစ်ကြောင်း ထိုင်းစေတနာ့ဝန်ထမ်းအဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။       လာအိုနိုင်ငံသား ခုနစ်ဦးသည် ရွှေရှာဖွေရန်အတွက် Xaisomboun ပြည်နယ်ရှိ ဂူထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ထွက်ပေါက်ပိတ်သွားခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှ စေတနာ့ဝန်ထမ်းအဖွဲ့သည် တနင်္ဂနွေနေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပူးပေါင်းလာခဲ့သည်။     ထပ်မံအားဖြည့်လိုက်သော အဖွဲ့ဝင်များတွင် ပြင်သစ်နိုင်ငံမှ ရော်ဘင် ကူယက်စတာ၊ အင်ဒိုနီးရှားနိုင်ငံမှ အောဒီတာ ဟာဆိုနို၊ ဂျပန်နိုင်ငံမှ ယိုရှီတာကာ အီဆာဂျီ၊ ထိုင်းနိုင်ငံမှ နာရူချစ် ကီယတ်မာနီးဆရီနှင့် သြစတြေးလျနိုင်ငံမှ ဂျို့စ် ရစ်ချတ်စ်တို့ ပါဝင်ကြောင်း စေတနာ့ဝန်ထမ်းအဖွဲ့က ဖေ့စ်ဘုတ်တွင် တင်ခဲ့သည်။      အသက်ရှင်လျက်ပြန်တွေ့ထားသူများသည် ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေရင်း ကျန်းမာရေး ယိုယွင်းလာလျက်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်နေသည့် ထိုင်းရေငုပ်သမား […] The post ဂူတွင်းပိတ်မိနေသူများကိုကယ်ဆယ်ရေးထိုင်းရေငုပ်သမားများပါဝင်မည် appeared first on Popular .

Go to News Site