Khit Thit Media
ရန်ကုန်၊ မေ ၂၈ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သူမ သက်ရှိထင်ရှား ရှိ၊ မရှိ သက်သေပြရန် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုအဖြစ် ၈၁ ကီလို မီတာ ပြေးခြင်း၊ ခြေလှမ်း ၈၁,၀၀၀ လျှောက်ခြင်းနှင့် ၈၁ မိုင် စက်ဘီးစီးခြင်း စသည့် လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ပေးကြပါရန် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ် (Kim Aris) က ယနေ့ တိုက်တွန်းပန်ကြားလိုက်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုကို လာမည့် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်လိုသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားမှု စိန်ခေါ်မှုများဖြင့်သော်လည်းကောင်း၊ မိမိတို့အတွက် အဓိပ္ပာယ်ရှိမည့် အခြားနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း […] The post ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ၈၁ ကီလိုမီတာပြေးခြင်း၊ ခြေလှမ်း ၈၁၀၀၀ လျှောက်ခြင်းနှင့် ၈၁ မိုင် စက်ဘီးစီးခြင်း လှုပ်ရှားမှုများတွင် ပါဝင်ကြရန် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် တိုက်တွန်း appeared first on Khit Thit Media .
Go to News Site