Khit Thit Media
ရန်ကုန်၊ မေ ၂၉ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်မှ စစ်မှုထမ်းတပ်သားသစ် ပြည့်စုံဆိုသူသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ တော်လှန်ရေးအဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် အဆိုပါ စစ်မှုထမ်းတပ်သားသစ် ပြည့်စုံသည် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်နက်ကြီးတပ်ဖွဲ့ဖြစ်သော COBRA ONE Pakokku ထံသို့ ဆက်သွယ်ကာ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။ အလင်းဝင်လာသူ တပ်သားသစ် ပြည့်စုံသည် မကွေးတိုင်း စလင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲ အတင်းအဓမ္မဖမ်းဆီးခြင်းကို […] The post ပခုက္ကူ အခြေစိုက် ခလရ ၂၅၂ တပ်မှ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူ ၁ ဦး တော်လှန်ရေးအဖွဲ့ထံသို့ အလင်းဝင် appeared first on Khit Thit Media .
Go to News Site