Collector
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဥ်သွားရောက် | Collector
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဥ်သွားရောက်
Popular Journal

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဥ်သွားရောက်

Credit to Popular Journal - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀)ရက်နေ့ မနက် (၈) နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြပြီး ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့်တွေ့ဆုံခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက်ဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ် သည်။ ထို့ပြင် အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အ ကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကာ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း၌ မြန်မာ-အိန္ဒိ ယနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ဘာ သာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကဏ္ဍများအ ပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံ့အကျိုးအတွက်ဆွေးနွေးသွားမည်ဖြစ်သည်။ […] The post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဥ်သွားရောက် appeared first on Popular .

Go to News Site