Collector
ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော | Collector
ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော
Popular Journal

ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော

Credit to Popular Journal - ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပ ဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင်များနှင့် မေ ၂၉ ရက်တွင်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဥပဒေအကာအကွယ်အောက်တွင် ပြည်သူများ အေးချမ်းလုံခြုံစွာနေထိုင်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကာ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် မိမိတို့နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု ပြောသည်။ “လတ်တလောအနေနဲ့ နိုင်ငံ‌တော်အတွက် လက်ရှိအ ခြေအနေတွေနဲ့ကိုက်ညီမယ့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို စောလျင်စွာပြဋ္ဌာန်းနိုင်ဖို့ဦး စားပေးဆောင်ရွက်သွားမှာပါ”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောသည်။ ထို့နောက် ရန်ကုန်ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီ၊ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင်(ငြိမ်း)များက ဥပဒေပြုရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။ Photo-Ko Aung Myint The post ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော appeared first on Popular .

Go to News Site