Collector
ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ | Collector
ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ
Popular Journal

ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ

Credit to Popular Journal - ရွှေတိဂုံစေတီတော်တွင် ယနေ့ (မေ ၃၀) နယုန်လပြည့်နေ့၌ (မဟာသမယအခါတော်နေ့) မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသို့ ကျင်းပရာတွင် နံနက် ၅ နာရီ၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ကျင်းပသည်။ ယင်းနောက် ဂေါပကအဖွဲ့ဝင်များက ရောင်တော်ဖွင့်တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မဟာသမယအခါတော်နေ့ ကျင်းပရေးကော်မတီဥက္ကဠ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမင်းလွင်က ဇယမင်္ဂလာအနုမောဒနာစာတမ်းကိုဖတ်ကြားလျှောက်ထားကာ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းစုရပ်မှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့ လှည်လည်ပူဇော်ပွဲအခမ်းအနားကိုကျင်းပရာ မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံအား ဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်ကိုယ်စားပြု မင်း၊ […] The post ရွှေတိဂုံစေတီတော်၌ မဟာသမယအခါတော်နေ့ မင်္ဂလာအခမ်းအနားကျင်းပ appeared first on Popular .

Go to News Site