Collector
ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ၄.၂ မဂ္ဂနီကျုဒ် ငလျင်လှုပ်ခတ် | Collector
ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ၄.၂ မဂ္ဂနီကျုဒ် ငလျင်လှုပ်ခတ်
Popular Journal

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ၄.၂ မဂ္ဂနီကျုဒ် ငလျင်လှုပ်ခတ်

Credit to Popular Journal - ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၅၂ မိနစ် ၅၂ စက္ကန့်အချိန်တွင် ချင်းပြည်နယ်၊ တွန်းဇံမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၂ မဂ္ဂနီကျုဒ်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်ဌာနခွဲမှ သိရသည်။ အဆိုပါငလျင်သည် တမူးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၆၃ မိုင်ခန့်အကွာ၊ တွန်းဇံမြို့၏ အနောက်-အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ မြောက်လတ္တီတွဒ် ၂၃.၅၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၅၈ ဒီဂရီနှင့် အနက် ၇၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်း ငလျင်ငယ်နှင့် ငလျင်လတ်များ ဆက်တိုက်လှုပ်ခတ်နေပြီး တစ်ကျော့ပြန် ငလျင်ကြီးများ လှုပ်ခတ်လာနိုင်ခြေရှိသဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ပညာရှင်များက သတိပေးထားသည်။ The post ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ၄.၂ မဂ္ဂနီကျုဒ် ငလျင်လှုပ်ခတ် appeared first on Popular .

Go to News Site